First program I made : Tic Tac Toe

Tic Tac Toe

Powered By Thein Htike Aung လို့မြင်ကတည်းက ခင်ဗျားတို့ ကျုပ်ကိုအမြင်ကပ်တော် မူကြမယ် XD
ဒီ Program က Java သင်တန်းတက်တုန်းက လုပ်ခဲ့ရတဲ့ exercise လေးတစ်ခုပါ
ပထမဆုံး Programming ကိုတော်တော် စိတ်ဝင်စားသွားခဲ့တယ်
အခုမှ Program ကိုပြန်ကြည့်ပြီး ငါတော်တော်ပေါခဲ့ပါလားဆိုပြီး တွေးမိတယ်
(ဘယ်သူ့မပြောခင် ကိုယ်ဘာသာကိုယ်ပြောထားတော့ခံသာတာပေါ့ ဟီး)
ဟုတ်တယ်လေ၊ Spider Man icon တွေ၊ Game အောင်ရင် နိုင်ငံတော် သီချင်းတွေဖွင့်ပြလို့ ပြ၊
button နှိပ်ရင် ရွီးရွီးဆိုပြီး အလန့်တကြား ထွက်သေးတယ်

Netbeans နဲ့ရေးထားတာပဲ ဒါပေမယ့် အဲ့တုန်းက GUI က အကုန်လုံး code နဲ့ရေးထားတာ နောက်ပိုင်းတော့ GUI drag down ပဲလုပ်ဖြစ်ပြီး အကျင့်ပျက်သွားတယ်
ကိုနေ၀င်းမြင့် ရဲ့code တွေလဲသုံးထားသေးတယ် (Splash screen, icon တွေ, အသံတွေ :D)
ကျတော်မမှားဘူး ဆိုရင် coffee icon လေးက ရှေးမူမပျက် ကိုနေ၀င်းမြင့်ဆီက ကူးထားဟန်တူတယ် ဟီး

second version ဆိုပြီး computer နဲ့ဆော့လို့ရတဲ့ Function ရေးဖို့ကြိုးစားခဲ့သေးတယ်
သင်တန်းပြီးသွားတာနဲ့ ပျင်းနေတာနဲ့မလုပ်ဖြစ်တော့ဘူး

ဒီနေ့ဟိုတွေး ဒီတွေးနဲ့ အမှတ်တရဖြစ်အောင် တင်လိုက်တာပါ
အားရင်စမ်းဆော့ကြည့်
အနည်းဆုံးတော့ အပျင်းပြေပါလိမ့်မယ် 😀

Download Here → https://www.dropbox.com/s/jy3i5mqgmjjrzyd/JavaApplication1.jar
အဲ Size တော့နည်းနည်းကြီးမယ်