မြန်မာ U19 ပွဲလေး ကြည့်ပြီး ကိုယ့်ဘာသာကိုယ် ဆင်ခြင် မိတာလေးပါ။
ကျနော်ဟာ ရူံးနိမ့်မှုကို အင်မတန် ကြောက်တဲ့ကောင်ပါ။ လဲရင် ထိုးနှက်မယ့် ပတ်ဝန်းကျင်နဲ့ ကြီးပြင်းခဲ့လို့လား။ သို့မဟုတ် ကိုကိုယ်တိုင်ပဲ စိတ်ဓာတ်အင်အား ပျော့လို့ပဲလား။ ထားပါတော့၊ ဒီနေ့တော့ မြန်မာ နဲ့ အီရန် ပွဲလေး ကြည့်ဖြစ်တယ်။ မြန်မာ ဘောလုံးပွဲကို အရင်က ကြည့်ပေမယ့် နောက်ပိုင်းပွဲတွေ မကြည့်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်က နိုင်မလားကြည့်လိုက်ရင် အဲ့ပွဲ ရုံးတာချည်းပဲ။ XD အဆိုးဆုံးကတော့ Sea Game 2013 မှာရှုံးခဲ့တာပဲ။ မရှုံးသင့်ပဲ ရှုံးခဲ့တာကို။

Myanmar Football Fan Club Page မှ ဓာတ်ပုံဖြစ်ပါသည်။
ဒီနေ့ပွဲ ၃ လုံးပြတ်ရှုံးရင်တောင် Quarter Final တက်မှာသိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နိုင်စေချင်တယ် ပေါ့လေ အရည်အချင်းရှိရှိ။ အီရန်က အာရှမှာ ပထမအဆင့်ရှိတဲ့ အသင်းဖြစ်ပြီး စကန်ကတည်းက မခေပါဘူး လူကောင်ကလဲ ကြီး၊ ဒီနေ့ပွဲကလဲ ရှုံးလည်းမထူး၊ နိုင်လည်းမထုးဆိုတော့ စိတ်ဓာတ်က ဘုရင့်နောင် ဖောင်ဖျက်ထားသလိုပါပဲ။ အစွမ်းကုန် သိက္ခာဆည်မယ့် ပွဲပါ။
အဲ့တော့ ဒီနေ့ ကြည့်ရမှာက မြန်မာ အသင်းရဲ့ စိတ်ဓာတ်ပါပဲ။ အေးဆေးပဲကွာ ဆိုပြီး ပေါ့ပေါ့လျော့လျော့ ကန်မလား။ ဒါမှမဟုတ် ပြောနေကြစကားလို ခြင်္သေ့ ချင်း ယှဉ်လဲ ဒီအားပဲ။ ယုန်ဖမ်းလဲ ဒီအားပဲ၊ ဆိုတာမျိုး Pro ကြကြ ကစားမလားဆိုတာပဲ။ မြန်မာ အသင်းဟာ ဒီနေ့ပွဲမှာ Pro ကျကျ ကစားခဲ့ပါတယ်။ ထိုင်း အသင်းနဲ့ ကန်ခဲ့တဲ့ စိတ်ဓာတ်အတိုင်းပါပဲ။
မြန်မာအသင်းက သိပ်အမှားမရှိခဲ့ပါဘူး။ ဒါပေမယ့် အီရန်က အရမ်းကောင်းခဲ့တယ်။ ကစားကွက် ဖော်နိုင်ခဲ့တယ်။ ကံမကောင်းစွာပဲ ကျနော် စိုးရိမ်သလို ဖြစ်ခဲ့ပါတယ်။ အဲ့တာကတော့ ရှုံးမှာ ကြောက်တဲ့စိတ်ပါပဲ။ အဲ့တာက ဘာနဲ့ ဆက်စပ်သလဲဆို ရှုံးတာနဲ့ ပရိသတ် ဝေဖန်မှု လာတော့မှာပါ။ ကျနော်တို့ အပြောမခံနိုင်ကြ ပါဘူး။ ဘာလို့ အဲ့လို ထင်လဲဆို ဒုတိယပိုင်း ပထမဂိုး ပေးပြီး နောက်ပိုင်း ကစားသမားတွေ ပြာသွားခဲ့ပါပြီ။ ချေပဂိုးကို ဆာလောက်နေခဲ့ပြီ။ အလျင်စလို ပြုလုပ်နေခဲ့ပြီ။ စိတ်ကို ပုံမှန် အတိုင်းမထိမ်း နိုင်တော့ပါဘူး။ တနည်းအားဖြင့် ကစားကွက် မဖော်နိုင်တော့ဘူးပေါ့။
အဲ့အချိန်မှာ ကိုယ့်အကြောင်းကိုကိုယ် တွေးမိတယ်။ ကျနော် တစ်ခုခု အကျပ်အတည်း ရောက်ရင် ဖြစ်တဲ့ အတိုင်းပါဘဲ။ ခြေမကိုင်မိ၊ လက်မကိုင်မိ။ ပုံမှန်အတိုင်းဆို ကျနော် ဆက်မကြည့်တော့ပါဘူး ဂိုးပေးလိုက်ရကတည်းက။ စိတ်ဓာတ်ရှုံးတာနဲ့ နောက်ပိုင်း ထပ်ထပ် ခါခါ အမှားများတော့မှာပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကိုယ့်ဘာသာကိုယ် ပြန်လည်စဉ်းစားမိတယ်။ ကျနော် ကိုယ်တိုင် ရှုံးနိမ့်မှုကို ကြောက်မိနေပြီ။ ဒါနဲ့ သေသေချာချာ စဉ်းစားတယ် ကျနော် ဘာကြောက်စရာလိုလဲ။ ကိုယ်နဲ့ တိုက်ရိုက် ဆက်နွယ်နေခြင်းလဲ မဟုတ်။ ပတ်ဝန်းကျင် ဝေဖန်မှု ကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သိတယ်မှတ်လား၊ မင်းတို့ မြန်မာတွေ ဘာပုတယ် ညာပုတယ်လို့။ အမှန်တော့ဗျာ ရိုးရိုးလေး တွေးကြည့်ရင် နှစ်ဖွဲ့ ဘောလုံးကန်တယ်ပေါ့၊ အရှုံး အနိုင်ထွက်လာတယ်။ အော် ဟိုအသင်းကကောင်းတယ်။ အင်း ဒီအသင်းက ဒီနေ့ မှားခဲ့တယ့် အမှားလေးတွေ ပြင်လိုက်ရန် ကောင်းလာနိုင်တယ်။ ပြီးပြီပေါ့ဗျာ။ ကျနော်အရင်က Mind Set က ကိုယ့်အသင်းရှုံုးရင် တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ ရောက်ရသလိုလို။ ကျနော် Mind Set မှားယွင်းနေမှုကို ပြောပြခြင်းသာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ခြေပျက်ပျက် နဲ့ပဲ 2 Zero နဲ့ Quarter ရောက်ခဲ့ပါတယ်။ ကျနော်လဲ အရှုံးထဲက အနိုင်ဖြစ်အောင် ကိုယ့်အဖြစ်အပျက်နဲ့ ယှဉ်ပြီး ဘောလုံးအရှုံးကို သင်ခန်းစာယူခဲ့တယ်။
ကျနော်တို့ ကျရှုံးမှူရဲ့ အကျိုးဆက်ဖြစ်တဲ့ ဝေဖန်မှုကို ဂရုစိုက်နေဖို့ မလိုပါဘူး။ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ်လုပ်စွမ်းနိုင်သလောက် ကြိုးစား။ ရှုံးနိမ့်မှူကို နင်းပြီး ရှေ့ဆက်ရပါလိမ့်မယ်။
မြန်မာ U19 ဟာ ဒီနေ့ပွဲရဲ့ အမှားများကို ကျနော်မြင်သလိုပဲ သင်ခန်းစာ ယူမိပါလိမ့်မယ်။ နောက်လာမယ့်ပွဲ တွေမှာလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန် ကြိုးစားသွားမယ်ဆိုရင် ရှုံးခြင်း နိုင်ခြင်းဟာ အခရာ ကြမှာမဟုတ်ပါဘူး။ မြန်မာ U19 အတွက် ဆုတောင်းပေးလိုက်ပါတယ်။
ဒီနေ့ပွဲရဲ့ Man of the Match လို့ပြောလို့ရတဲ့ မြန်မာ ဂိုးသမားရဲ့ အင်တာဗျူးပါ။
https://www.facebook.com/video.php?v=784684941577334
ကျေးဇူးတင်ပါတယ်။