The Headspace Guide to Meditation & Mindfulness

ဘာသာရေး မနွှယ်တဲ့ mindfulness meditation လေ့လာ လေ့ကျင်ချင်တဲ့ လူတွေအတွက် စာအုပ်ကောင်းလေးပါ။ စာအုပ် မဖတ်ချင်လဲ Headspace ဆိုတဲ့ App free download ဆွဲပြီး စမ်းကြည့်လို့ ရပါတယ်။ ထုတ်တဲ့ လူက အတူတူပဲ။ စာအုပ်ဖတ်တာ အချိန်တော့ ယူပေမယ့် တချို့ အကြောင်းတွေက အဲ့လို သေသေချာချာလေး ရေးထားမှ လေ့ကျင်တာ ပိုအဆင်ပြေတယ်လို့ ထင်တယ်။ စာအုပ်က mindfulness ဆိုတာ ထိုင်တုန်း တခဏ မဟုတ်ဘဲ ၂၄ နာရီ ကာလပတ် ကျင့်တဲ့နည်းတွေကို ပြောပြထားပါတယ်။
တခြား Mindfulness နဲ့ပတ်သတ်တာကတော့ Oxford ဆရာတော်ရဲ့ တရားတွေ ကောင်းတယ်။ ဆရာတော်က Mindfulness ဟောရင် အဲ့ကြောင်းပဲ သီးသီးသန့်သန့် ဟောတယ်။ ကျင့်တဲ့လူတွေရဲ့ Video တွေပြ။ ဘယ်လိုတွေကျင့်ရလဲ ပြောပြ။ ၃ မိနစ်လောက် တကယ် ထိုင်ကြည့်ရင်း ပြောပြနဲ့ အဆင်ပြေတယ်။