Baydin app – React Native

ကိုယ်ဟာ Dota မှာ Cancer players တွေနဲ့ ပွဲတွေ ဆက်တိုက်ရှုံးပြီး နောက်ပိုင်း ဘယ် လောကဓံ မှ မကြောက်တော့ပါဘူး။ 😛

အဲ့တာနဲ့ React Native ဘက် လှည့်မိတယ် ဆိုပါစို့။

React Native မှာ ကောင်းကျိုးတွေ အများကြီး ရှိတယ် ဆိုတာ သွားတွေ့တယ်။ ခုတော့ Expo နဲ့ Distribute လုပ်တာပဲ လေ့လာရသေးတယ်။ Native projects နဲ့ Distribute လုပ်တာ စမ်းကြည့်တာ error တက်နေတာနဲ့ နောက်တပတ် စမ်းရမယ်။ လောလောဆယ် Analytic tools တွေ၊ ကြော်ငြာတွေ မထည့်တက်သေးဘူး။ အဲ့တာတွေက native project နဲ့ထည့်ရမှာလို့ ဆိုတယ်။

အခက်အခဲတွေ

အရင်တုန်းက React Native ရေးရင် Android ဆိုလဲ သူ့Native Components တွေ၊ iOS ဆိုလဲ သူ့Native Components တွေနဲ့ ရအောင်ရေးမယ်လို့ တွေးဘူးတယ်။ တကယ်ရေးကြည့်တော့ အဲ့လိုဖြစ်အောင် လုပ်ရင်းနဲ့ကို နှစ်ခုရေးရသလို ဖြစ်နေတယ်။ Android ကလဲ မသုံးတာရော မလုပ်တာရော ကြာပြီဆိုတော့ ပြန်ကြည့်ရတာကို အချိန်တော်တော်ပေးရတယ်။ ပေကတ်ပြီးတော့ ရေးကြည့်သေးတယ်။ တော်တော့်ကို ဒုက္ခများတယ်။ အဲ့ဒါနဲ့ပဲ Same design to all platforms လုပ်မှ Ract Native ရဲ့ကောင်းကွက် ပိုများတယ်ဆိုတာ သွားတွေ့တယ်။

အားသာချက်

  • Android or iOS app ကို ပြန်တင်စရာမလိုဘဲ Expo နဲ့ update လုပ်လို့ရတယ်
  • သိတဲ့အတိုင်းပဲ Android နဲ့ iOS build ထွက်ဖို့ တစ်ခါပဲ ရေးရုံပဲ

အားနည်းချက်

  • App size က Sample App အတွက်တောင် Size က 25 MB လောက်ရှိတယ်။ Expo SDK ထည့်ထားတဲ့ အတွက်။ သူ့ချည်းပဲကို 20MB ရှိတယ်။

React Native သုံးသင့်တဲ့လူတွေ

  • တစ်ယောက်ရေးထားတဲ့ တစ်ခုပြန်ညွန်းမယ်။ “If your company doesn’t need to focus on mobile native components and you just want to get apps for your existing web system, React Native is way to go.” တနည်းအားဖြင့်၊ information ပြရုံလာက်တော့ React Native ကိုသုံးသင့်တယ်။

ခုတော့ project ကို App ထွက်အောင်လောက်ပဲ လုပ်ထားတယ်။ Components တွေ ခွဲနည်း၊ Native projects နဲ့ တွဲရေးနည်း တွေဆက်ကြည့်ရမယ်။

Baydin App – React Native

Baydin app with React NativeAndroid app တော့ရပြီ – https://play.google.com/store/apps/details?id=com.theinhtikeaung.swesone

ထုံးစံအတိုင်း ဗေဒင် ကြည့်ကြည့်ပေါ့ 😛 Content တွေကတော့ သက်ဆိုင်ရာ ဗေဒင်ဆရာကို Credit ပါ။
တစ်ခုခုတော့ ဖြစ်လဲ ပြောပါဦး။ မြန်မာစာ မပေါ်တာတို့၊ Design က Consistent မဖြစ်တာတို့ပေါ့။

iOS App
https://itunes.apple.com/sg/app/baydin-myanmar-astrology/id1393787999?mt=8

Thanks for reading! Bye