21 Lessons for the 21st Century က အတွေးခေါ်လေးတွေ မှတ်မိတာလေးတွေ ရှယ်လုပ်တာပါ
စာရေးသူက 2050 ရောက်ရင် ကမ္ဘာဟာ ဘယ်လိုဖြစ်နေမလဲ။ လွတ်လပ်ရေး သမားတွေ၊ မျိုးချစ်တွေ၊ ဘာသာရေးတွေက ဘယ်လို ကမ္ဘာကို တည်ဆောက်ကျမှာလဲ။ ဒါတွေမက နည်းပညာ AI, Big Data Algorithms တွေက ကမ္ဘာကို အဲ့ချိန်ကျရင် ထိန်းချုပ်နေပြီလား ဆိုပြီး လွန်ခဲ့တဲ့ ကာလက ဖြစ်ပျက်ခဲ့တာတွေ၊ ကမ္ဘာစစ်တွေ၊ ဘာသာရေးကြောင့် ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲတွေ၊ အုပ်ချုပ်ရေး ပြောင်းလဲမှုတွေ၊ လက်ရှိဖြစ်နေတဲ့ Facebook က လွမ်းမိုးမှုတွေ ဒါတွေကို ခြုံကြည့်ပြီး 2050 ကို အကောင်းဆုံးဖြစ်အောင် လူသားတွေ အတိတ်ကို သင်ခန်းစာ ယူပြီး တည်ဆောင်နိုင်အောင် ဆောင်းပါး ၂၁ ပုဒ်နဲ့ ဆွေးနွေးထားတာပါ။

၁။ တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုပြီး လက်ဆုပ်လက်ကိုင်လဲ သက်သေပြလို့ မရတဲ့ ပုံပြင်တွေအပေါ မသာယာပါနဲ့
ရှေးတုန်းက လူတွေက Survival ဖြစ်ဖို့အတွက် ပုံပြင်တွေကို ဖန်တီးကြတယ်။ ဥပမာ၊ ငါတို့ နိင်ငံဟာ God နေတဲ့ နေရာ။ ဒါကြောင့်မို အသက်ပေး ကာကွယ်ရမယ်ဆိုပြီး မြှောက်ပေးကြတယ်။ တနည်းအားဖြစ် God အကြောင်းပြပြီး ကိုယ်လုပ်ချင်ချင်တာ ကိုယ်လုပ်ကြတယ်
၂။ 2050 ကြရင် လူတိုင်း အလုပ်ရှိချင်မှ ရှိမယ်။ Technology မြင့်သွားတော့ လူတစ်ယောက်နဲ့ အများကြီး လုပ်နိုင်သွားတယ်။ ဒါဆို အောက်ခြေက လူတွေ စားဝတ်နေရေး ခက်ခဲသွားနိုင်တယ်။ခု McDonald မှာ Cashier တွေ အစား စက်ပြောင်းထားပြီး လူတွေက Kitchen မှာ ပြောင်းလုပ်သလိုမျိုး။ Cashier ကနေ မီးဖိုချောင်မှာ ကူဖို့က Training 10 ရက် လောက်နဲ့ ရပေမယ့် 2050 တော့ ဆိုပါတော့ Scientist လိုတယ်ဆိုရင် Carrier Gap ကြီးတော့ လူတွေက ၄ ၅ နှစ် အချိန်ပေး သင်ပေးဖို့ အစိုးရက စီစဉ်ပေးသင့်တယ်။
၃။ Social Network လွှမ်းမိုးမှုကြောင့် အမျိုးသားရေး ပြသာနာက ကမ္ဘာပြသနာ ဖြစ်လာတယ်။ မြန်မာမှာ Facebook ကြောင့် ဘာသာရေး မုန်းတီးမှု၊ အကြမ်းဖတ်မှု ဖြစ်တယ်။ Facebook က ဖြစ်ပါစေ ဆိုပြီး လုပ်တာလဲ မဟုတ်ဘူး။ သူ့ဘာသာ တခြား နိုင်းငံလိုပဲ ပေးသုံးတာပဲ။ အဲ့လိုဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြသာနာ မဟုတ်ဘဲ Facebook က အစိုးရလို တကမ္ဘာလုံးအတွက် တာဝန်ရှိလာတယ်။
၄။ ကိုယ့်ဘာသာကို တော်တော်နှံစပ်တယ်လို့ ခုခေတ်မှာ လူတွေက ထင်ကြတယ်။ ကျောက်ခေတ်က လူတစ်ယောက်က တော်တော် နှံစပ်ရတယ် အသက်ရှင်ဖို့ အတွက်၊ အမဲလိုက်တတ်ရတယ်၊ မီးဖိုတတ်ရတယ်၊ တိရစ္ဆာန်တွေနဲ့ ပုတ်သတ်တတ်ရတယ်။ ခုခေတ်မှာ အစားစာဆိုရင် Shopping Center ကဝယ်တယ်။ Pro တယောက်က သတ်ဖြတ်ထားပြီး စနစ်တကျ ထုပ်ပိုးထားတာ တွေကို ဝယ်တယ်။ တကယ်တည်း ဒီ အသားက ဘယ်ကလာလဲ။ အဲ့လိုဆိုရင် သိသလိုလိုနဲ့ မသိကျဘူး။ ကိုယ့်ဘာသာကို တော်တော်နှံစပ်တယ်လို့ ထင်တယ့်် စိတ်က Management level ကြရင် ဆုံးဖြတ်ချက်တွေ မှားသွားနိုင်တယ်။
၅။ ။ တရားထိုင်ဖို့ တိုက်တွန်းထားတယ်။ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ တရားထိုင်တာမျိုး မဟုတ်ဘဲ စိတ်ကို နားလည်အောင်၊ ဘယ်အရာမှ မပိုင်ကြောင်း မြင်လာလိမ့်မယ်။ လူတွေက သေပြီး ဘာဖြစ်မလဲ မေးကြတယ်၊ အဲ့လိုအမေးဟာ သေရင် ငါဆိုတဲ့စိတ်ရှိအုံးမယ်လို့ သတ်မှတ်ထားလို့ပဲ။ ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်ရင် နေ့စဉ်ဒူ၀ ဒုက္ခတွေကိုလဲ ရန်ဆိုင်နိုင်လာလိမ့်မယ် ဆိုပြီး နိဂုံးချုပ်ထားတယ်။
ဒါက အကြမ်းဖြင်းပါ အသေးစိတ်ကို စာအုပ်မှာ ဖတ်ကြည့်သင့်ပါကြောင်း